Reasons to teach your child to Cook
inhouse logo
E-Catalogue

Reasons to teach your child to Cook

Admin September 09, 2020

ကလေးများကို ဟင်းချက်နည်းသင်ပေးခြင်းက လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ ကလေးငယ်များအား ဓါးကိုစနစ်တကျသုံးနည်း ၊ ဟင်းသီးဟင်းရွက်များကို သေချာဆေးနည်း တွေကိုစိတ်ရှည်စွာ အချိန်ယူပြီး သင်ပေးရမှာပါ။ ဒါပေမယ့် ဒါကအချိန်ကို ကောင်းကောင်းအသုံးချခြင်းလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သင့်နဲ့ ကလေးငယ်ကြား ဆက်ဆံရေးကောင်းမွန်စေပြီး သင့်ကလေးက သင့်အပေါ်မှာ ယုံကြည်အားကိုး မှုလဲပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။

(1) အတူတူချက်ပြုတ်ချင်းက family time ကို အဓိပ္ပါယ်ရှိစေပါတယ်။ Cooking time က မိဘနဲ့ ကလေးငယ်ကြား အချိန်ကောင်းတစ်ခုလဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကလေးငယ်က သူတို့ရဲ့ စိတ်ခံစားချက်တွေကို လည်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလေ့ရှိကြပါတယ်။

Article

(2) အစားအစာပြင်ဆင်ခြင်းသည် ကလေးများအား မိဘများကို တန်ဖိုးထားတတ်စေရန် ကူညီပါတယ်။ ကလေးငယ်များသည် တစ်ခါတစ်ရံ အစားအစာက ဘယ်နေရာက ရလာလဲမသိကြပါ။ ကလေးငယ် များ ကိုချက်ပြုတ်နည်းသင်ပေးခြင်းသည် မိခင်များအနေဖြင့် အစားအစာအတွက် ဘယ်လောက်ကြိုးစား အားထုတ်ခဲ့ရလဲကို သိစေပြီး မိဘများကို ကျေးဇူးတင်တတ်စေပါတယ်။

Article

(3) ချက်ပြုတ်ခြင်းက သင့်ကလေးငယ်အား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုတိုးစေပါတယ်။ ကလေးငယ်များအနေဖြင့် ဒီဟင်းကို ကိုယ်တိုင်ချက်ခဲ့တာလို့ ကြွေးကြော်တာက သူတို့ကို အောင်မြင်မှုရရှိစေသလိုပါပဲ။ ဒါအပြင်မိသားစုဝင်များကပါ သူတို့လေးတွေချက်ထားတဲ့ ဟင်းကို ကြိုက်တယ်လို့ပြောရင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိစေမှာလည်း ဖြစ်ပါတယ်။ အဲ့ဒါက ကလေးငယ်များရဲ့ အခြား နေရာများတွင်မှာပါ self-confidence ရရှိစေနိုင်ပါတယ်။

Article

(4) မိဘများနဲ့ ဈေးအတူဝယ်နိုင်ပါတယ်။ ချက်ပြုတ်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းက ဈေးဝယ်ခြင်းပဲ ဖြစ်ပါတယ်။ သင်တို့အတူတကွ ချက်ပြုတ်တဲ့ အခါ pizza, Spaghetti sauce စတာတွေက စားသောက်ဆိုင်က ရတာမျိုး ပဲ ကိုယ်တိုင်ချက်ပြုတ်နိုင်တယ်ဆိုတာ ကိုသိရှိနားလည်စေပါတယ်။

Article

(5) ချက်ပြုတ်ခြင်းက အခြေခံကျသောလည်း Life Skill အတွက် အရေးကြီးပါတယ်။ သင့်ကလေးငယ် က အရွယ်ရောက်ပြီး တစ်ယောက်တည်း အပြင်မှာနေတဲ့အခါ သူဘယ်လိုနေထိုင်စားသောက်မလဲ ဆိုတာ ကို သင့်အနေနဲ့ စိတ်ပူစရာမလိုတော့ပါဘူး။ သူတို့ကိုယ်တိုင် ငယ်စဉ်ကတည်းက မိဘဆီမှာ သင်ခဲ့တာကြောင့် အခြားသူများနဲ့ ယှဉ်ရင် အခက်အခဲမရှိပဲ တစ်ယောက်တည်း ဖြတ်သန်းနေထိုင်နိုင်ပါတယ်။

Article

Share this page